နိုင်ငံခြားဘာသာစကားကျောင်း

https://fls.gxu.edu.cn/en/Home.htm

၁၉၂၈ခုနှစ်တွင်တည်ထောင်ခဲ့သောကွမ်ရှီးတက္ကသိုလ်သည်၁၉၄၇ခုနှစ်တွင်နိုင်ငံခြားဘာသာစကားဌာနကိုစတင်တည်ထောင်ခဲ့ပြီး၊ပထမဆုံးဌာနမှူးအဖြစ်ထင်ရှားသောသံတမန်၊နိုင်ငံတော်ကောင်စီအကြံပေးနှင့်Cambridge PhDဘွဲ့ရရှိသူMr. Luo Jiezhiကတာဝန်ယူခဲ့သည်။၁၉၄၇ခုနှစ်တွင်နိုင်ငံခြား ဘာသာ စကားဌာနသည်ပထမဆုံးသောဘွဲ့ကြို အင်္ဂလိပ်စာသင်တန်းကိုဖွင့်လှစ်ခဲ့ပြီး၊၁၉၅၀ခုနှစ်တွင်ဘွဲ့ကြို ရုရှားစာ သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့သည်။၁၉၅၃ခုနှစ်တွင်တက္ကသိုလ်ဌာနများနိုင်ငံတစ်ဝှမ်းပြန်လည်စီမံခန့်ခွဲမှုကြောင့်ကွမ်ရှီးတက္ကသိုလ်ကိုယာယီပိတ်ခဲ့ပြီး၊ဌာန၏ဆရာများနှင့်ကျောင်းသားများကိုSun Yat-sen Universityနှင့်ဝူဟန်တက္ကသိုလ် အပါအဝင်တက္ကသိုလ်လေးခုသို့ပြောင်းရွှေ့ခဲ့သည်။၁၉၅၈ခုနှစ်တွင်ကွမ်ရှီးတက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊နိုင်ငံခြား ဘာသာစကားဌာနသည်အင်္ဂလိပ်စာနှင့်ရုရှားစာဘွဲ့ကြိုသင်တန်းများကိုပြန်လည် ဖွင့်လှစ်ခဲ့သည်။၁၉၇၃ခုနှစ်တွင်ဌာနသည်ဂျပန်စာဘွဲ့ကြိုသင်တန်းကိုစတင်ဖွင့်လှစ်ခဲ့သည်။

၁၉၉၆ခုနှစ်တွင် နိုင်ငံခြား ဘာသာစကားဌာန၊ ကောလိပ်အင်္ဂလိပ်စာ သင်ကြားရေးဌာနနှင့်ကွမ်ရှီး နိုင်ငံခြားဘာသာစကားလေ့ကျင့်ရေးစင်တာတို့ပေါင်းစည်းကာနိုင်ငံခြားဘာသာစကားကျောင်း ကိုဖွဲ့စည်းခဲ့သည်။၂၀၀၀ခုနှစ်တွင်ကျောင်းသည်စီးပွားရေးအင်္ဂလိပ်စာ သင်တန်းကိုစတင်မိတ်ဆက်ခဲ့သည်။၂၀၀၇ခုနှစ်တွင်အရှေ့တောင်အာရှ ဘာသာစကားဌာနကိုတည်ထောင်ခဲ့ပြီး၊ထိုင်းစာနှင့်ဗီယက်နမ်စာဘွဲ့ကြိုသင်တန်းများကိုဖွင့်လှစ်ခဲ့သည်။၁၉၉၃ခုနှစ်တွင်ဌာနသည်ဘာသာပြန်နှင့်လက်တွေ့ သီအိုရီဘွဲ့လွန်သင်တန်းကိုဖွင့်လှစ်ရန်ခွင့်ပြုချက်ရရှိခဲ့ပြီး၊၂၀၁၀ခုနှစ်တွင်နိုင်ငံခြားဘာသာစကားနှင့်စာပေဘွဲ့လွန်သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့သည်။

ပညာရေးအစီအစဉ်များ

ဤကျောင်းသည်၎င်း၏ပညာရေးအစီအစဉ်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲမှုတွင်ကြီးမားသောအောင်မြင်မှုများရရှိခဲ့သည်။၂၀၁၉ခုနှစ်တွင်အင်္ဂလိပ်စာဌာနအားအမျိုးသားအဆင့်ပထမတန်းစားအစီအစဉ်(National First-Class Program)အဖြစ်သတ်မှတ်ခံခဲ့ရပြီး၊ထိုနောက်တွင်ဂျပန်စာဌာနအားပြည်နယ်အဆင့်ပထမတန်းစားအစီအစဉ်(Provincial First-Class Program)အဖြစ်သတ်မှတ်ခံခဲ့ရသည်။၂၀၂၀ခုနှစ်တွင်ဗီယက်နမ်စာဌာနအားအမျိုးသားအဆင့်ပထမတန်းစားအစီအစဉ်အဖြစ်သတ်မှတ်ခံခဲ့ရပြီး၊ဘာသာပြန်ဌာနအားပြည်နယ်အဆင့်ပထမတန်းစားအသိအမှတ်ပြုခံခဲ့ရသည်။၂၀၂၁ခုနှစ်တွင်ဘာသာပြန်ဌာနနှင့်ထိုင်းစာဌာနတို့အားအမျိုးသားအဆင့်ပထမတန်းစားအစီအစဉ်များအဖြစ်အတည်ပြုခဲ့သည်။ထိုနှစ်တွင်ပင်ဤကျောင်းအားပညာရေးဝန်ကြီးဌာန၏စာပေ၊လူမှုရေးနှင့်အနုပညာဆိုင်ရာပညာရပ်များ၏ဆန်းသစ်သောသုတေသနနှင့်လက်တွေ့ဆောင်ရွက်မှုစီမံကိန်းများ(New Liberal Arts Research and Practice Projects)တွင်ပထမဆုံးရွေးချယ်ခံရသောအဖွဲ့အစည်းများထဲမှတစ်ခုအဖြစ်ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။

၂၀၂၄ခုနှစ်တွင်၊နိုင်ငံခြားဘာသာစကားနှင့်စာပေဌာန၏ပထမအဆင့်ဘာသာရပ်ဖြစ်သော နိုင်ငံခြားဘာသာစကားနှင့် စာပေ အားSoft Science China University Rankingsတွင်အဆင့်၆၉ရရှိခဲ့ပြီး၊နိုင်ငံတစ်ဝှမ်းလုံးတွင်ထိပ်တန်း၃၀%အတွင်းပါဝင်ကာ၊ပညာရေးဝန်ကြီးဌာနနှင့်ပြည်နယ်အစိုးရတို့ပူးပေါင်းတည်ထောင်သော“နှစ်ထပ်ကွမ်း ပထမတန်းစား”တက္ကသိုလ်၁၄ခုအနက်ဒုတိယနေရာတွင်ရပ်တည်နေသည်။

လက်ရှိတွင်ဤကျောင်းသည်မဟာဘွဲ့အစီအစဉ်များတွင်အင်္ဂလိပ်ဘာသာပြန်၊အင်္ဂလိပ်စကားပြော၊ဂျပန်ဘာသာပြန်၊ဗီယက်နမ်ဘာသာပြန်များကိုပို့ချပေးလျက်ရှိသည်။ဘွဲ့ကြိုအစီအစဉ်များတွင်အင်္ဂလိပ်စာ၊ဂျပန်စာ၊ဗီယက်နမ်စာ၊ထိုင်းစာ၊ဘာသာပြန်ဆိုရေးဘာသာရပ်ဘာသာရပ်များပို့ချပေးလျက်ရှိသည်။

၂၀၁၉ခုနှစ်မှ၂၀၂၁ခုနှစ်အတွင်း၊ဤကျောင်း၏ဘွဲ့ကြိုအစီအစဉ်၄ခုအားအမျိုးသားအဆင့်ပထမတန်းစားဘာသာရပ်များအဖြစ်အသိအမှတ်ပြုခံခဲ့ရပြီး၊သင်တန်း၈ခုအားပြည်နယ်အဆင့်ပထမတန်းစားအသိအမှတ်ပြုခံခဲ့ရသည်။ဤကျောင်းအားပြည်နယ်အဆင့်တွင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထူးချွန်သောသင်ကြားရေးအဖွဲ့များအတွက်အသိအမှတ်ပြုခံခဲ့ရသည်။ထို့အပြင်အင်္ဂလိပ်စာဌာနအားအမျိုးသားအဆင့်အဓိကဘာသာရပ်(National Key Program)အဖြစ်သတ်မှတ်ထားပြီး၊Foreign Language and Literatureဘာသာရပ်အားပြည်နယ်အဆင့်အဓိကဘာသာရပ်(Provincial Key Discipline)အဖြစ်သတ်မှတ်ထားသည်။အင်္ဂလိပ်စာ၊ဂျပန်စာ၊ဗီယက်နမ်စာ၊ထိုင်းစာနှင့်ဘာသာပြန်ဆိုရေးဘာသာရပ်များသည်ပြည်နယ်တွင်ထင်ရှားသောဘာသာရပ်များဖြစ်သည်။

ဆရာများနှင့်အောင်မြင်မှုများ

ဤကျောင်းသည်အားကောင်းသောဆရာ၊ဆရာမများ၏အဖွဲ့ကိုပိုင်ဆိုင်ထားပြီး၊စုစုပေါင်းဆရာ၊ဆရာမ၁၂၁ဦးပါဝင်သည်။ထိုအထဲတွင်ပါမောက္ခ၁၉ဦး၊ပါမောက္ခချုပ်၃၆ဦးနှင့်ပါရဂူဘွဲ့ရဆရာ၊ဆရာမ၃၂ဦးပါဝင်သည်။ထို့အပြင်၊ဆရာ၊ဆရာမ၁၂ဦးသည်လက်ရှိတွင်ပါရဂူဘွဲ့အတွက်ပညာဆည်းပူးလျက်ရှိသည်။ဤကျောင်းသည်ထင်ရှားသောဆရာ၊ဆရာမများစွာကိုဂုဏ်ယူစွာပိုင်ဆိုင်ထားပြီး၊၎င်းတို့ထဲတွင်Junwu Scholarတစ်ဦး၊Junwu Distinguished Professorsသုံးဦး၊အခြားထင်ရှားသောပါမောက္ခသုံးဦး၊ပြည်နယ်အဆင့်သင်ကြားရေးဆုရှင်တစ်ဦးနှင့်တက္ကသိုလ်အဆင့်သင်ကြားရေးဆုရှင်တစ်ဦးပါဝင်သည်။ဆရာ၊ဆရာမအများစုသည်နိုင်ငံတကာတွင်ပညာသင်ယူခြင်းနှင့်သုတေသနပြုလုပ်ခြင်းများမှတစ်ဆင့်နိုင်ငံတကာအတွေ့အကြုံများရရှိထားသည်။ဆရာ၊ဆရာမအချို့သည်အမျိုးသားအဆင့်သင်ကြားရေးပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိခဲ့သည်။

ပြီးခဲ့သည့်ငါးနှစ်အတွင်းဤကျောင်းသည်သုတေသနစီမံကိန်း၂၀ကျော်ကိုလုပ်ဆောင်ခဲ့ပြီး၎င်းတို့ထဲတွင်အမျိုးသား လူမှုသိပ္ပံဘဏ္ဍာရေးအဖွဲ့(National Social Science Fund)၏စီမံကိန်းခွဲတစ်ခု၊အမျိုးသားလူမှုသိပ္ပံဘဏ္ဍာရေးအဖွဲ့၏စီမံကိန်းခုနစ်ခုနှင့်ပြည်နယ်နှင့်ဝန်ကြီးဌာနအဆင့်စီမံကိန်း၁၅ခုပါဝင်သည်။ထို့အပြင်၊ဤကျောင်းသည်ပညာရေးဝန်ကြီးဌာန(Ministry of Education)မှထူးချွန်သောသိပ္ပံနှင့်သုတေသနအောင်မြင်မှုဆုများနှင့်လူမှုသိပ္ပံဆိုင်ရာထူးချွန်အောင်မြင်မှုဆုများ(Guangxi Outstanding Achievements in Social Sciences)ကိုရရှိခဲ့သည်။

လက်ရှိတွင် ကျောင်းသည် Routledge မှထုတ်ဝေသော “Asia Pacific Translation and Intercultural Studies” နှင့် Wuzhou Communication Press မှထုတ်ဝေသော တရုတ်ဂျာနယ် “Asia Pacific Interdisciplinary Translation Studies” တို့ကို ကျောင်းမှ ကြီးကြပ်ပါသည်။

ကျောင်းတွင် ထင်ရှားသော သုတေသန အဖွဲ့အစည်းများပါဝင်သည်။ ထို့အတူ တက္ကသိုလ်အဆင့် အဖွဲ့အစည်းဖြစ်သည့် အာရှပစိဖိတ် ဘာသာပြန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသန အင်စတီကျူး (Asia Pacific Institute for Translation and Intercultural Studies)၊ John Benjamins ပုံနှိပ်ကုမ္ပဏီနှင့် ပူးပေါင်းကာ တည်ထောင်ထားသော ဘာသာပြန်သုတေသနဆိုင်ရာ Corpus and Technology Research Center နှင့် အဖွဲ့ဝင်နိုင်ငံ ၁၈ နိုင်ငံပါဝင်သည့် အာရှပစိဖိတ် ဘာသာပြန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသန ဖိုရမ် (Asia Pacific Forum for Translation and Intercultural Studies)တို့လည်း ပါဝင်သည်။

ပံ့ပိုးမှုများနှင့်နှီးနှောဖလှယ်ပခြင်း

နှစ်စဉ်ကျောင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမြင့် ဆွေးနွေးပွဲ အကြီးစား ၂-၃ ခုကို စီစဉ်ကျင်းပပြီး၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကဲ့သို့သော အကြီးအကျယ် နိုင်ငံတကာပွဲများအတွက် အလွှာမြင့်ဘာသာပြန်ဝန်ဆောင်မှုများ၊ အထူးသဖြင့် တစ်ချိန်တည်းဘာသာပြန်ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ဤလုပ်ဆောင်ချက်များသည် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ဝင်ရိုးတစ်ခုအဖြစ် အားထားစရာအခန်းကဏ္ဍတစ်ခုကို တည်ဆောက်ပေးပြီး၊ အများပြည်သူ၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှတ်ချက်များကို ရရှိစေပါသည်။

မျှော်မှန်းချက်နှင့် မစ်ရှင်

“အလေ့အကျင့်ပညာရေး” ကို အခြေခံလမ်းပြအဖြစ်ယူပြီး “ကြိုးစားမှု၊ သမာဓိရှိမှု၊ ယဉ်ကျေးမှု၊ သင်ကြားမှု၊ သစ်တိုးဖန်တီးမှု” ဟူသော စကားဝိုင်းကို မှီတည်၍ ကျောင်းသည် ထူးချွန်သော အရည်အချင်းရှိကျောင်းသားများကို ဖွံ့ဖြိုးစေရန် ဆက်လက်ပြုလုပ်နေသည်။ သင်ကြားမှု ပြုပြင်ပြောင်းလဲမှုနှင့် အရည်အသွေးမြှင့်တင်မှုကို အဓိကထားကာ ကျောင်းသားများအား ကောင်းမွန်ပြီး နိုင်ငံတကာအမြင် ရရှိစေရန် ပြင်ဆင်ပေးပါသည်။လက်ရှိတွင် ကျောင်းသည် ကျောင်းသားစုစုပေါင်း ၁,၁၅၁ ဦးရှိပြီး၊ ယင်းတို့အနက် ၇၉၀ ဦးသည် ဘွဲ့ကြိုကျောင်းသားများ၊ ၃၆၁ ဦးသည် ဘွဲ့လွန်ကျောင်းသားများ ဖြစ်သည်။ ကျောင်းသားများသည် နိုင်ငံတစ်ခြားနှင့် ဒေသဆိုင်ရာ နိုင်ငံခြားဘာသာပြိုင်ပွဲများတွင် မကြာခဏ ထူးချွန်မှုရရှိလေ့ရှိသည်။ ထို့အပြင် အမျိုးသားဘာသာပြန်အရည်အချင်းစစ်ဆေးမှု (National Translation Professional Qualification Examination) တွင် ကျောင်းသားများ၏ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားပြီး၊ တူညီသောအဆင့်ရှိ တက္ကသိုလ်များအနက် ထိပ်ဆုံးတွင် ရှိနေသည်။

ခေတ်သစ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်သည် အရည်အချင်းရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆိုင်ရာဘာသာရပ်များနှင့် ပလက်ဖောင်းများအား ခိုင်မာစေခြင်း လက်တွဲပူးပေါင်းလုပ်ဆောင်မှုကို တိုးတက်စေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အခွင့်အလမ်းများကို အသုံးချခြင်းနှင့် ပေါင်းစုံဖွံ့ဖြိုးမှုများအား ဆက်လက်တိုးတက်စေရန် အဓိကထားကာ၊ “နှစ်ထပ်ကွမ်း ပထမတန်းစားအဆင့်” တက္ကသိုလ်အဖြစ် ရောက်ရှိရန်ရည်မှန်းပြီး နိုင်ငံတော်စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးထူးခြားခြား အထောက်အကူပြုမည်ဖြစ်သည်။

Baidu
map