မကြာသေးမီကIEEE Hyper-Intelligence Technical Committee (IEEE HITC)သည်IEEE HITC 2025 လူငယ်သိပ္ပံပညာရှင်ဆုရရှိသူများကို ကြေညာခဲ့ပါသည်။ကွမ်ရှီးတက္ကသိုလ် (GXU)ကွန်ပျူတာ၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ကောလိပ်မှ ဆရာချန် မျော်ကျန်း (Chen Miaojiang)သည်Edge ပူးပေါင်းတွက်ချက်မှုအတွင်း Hyper-Intelligence ဆိုင်ရာ ထူးချွန်သော ပံ့ပိုးမှုများအတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။ ယင်းသည် GXU မှ လူငယ်ပညာရှင်တစ်ဦး အနေဖြင့် ယင်းဆုကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်ပါသည်။

IEEE HITC မှ တည်ထောင်ထားသော ယင်းဆုသည်ဒေါက်တာဘွဲ့ရရှိပြီး ၅ နှစ်အတွင်းရှိသည့် လူငယ်သိပ္ပံပညာရှင်များအနက် ပညာရေးဆိုင်ရာ ထူးခြားသည့် အောင်မြင်မှုများနှင့် ရေရှည် ဖွံ့ဖြိုးနိုင်စွမ်း မြင့်မားမှုကို ပြသနိုင်သူများအား ချီးမြှင့်ပေးခြင်းဖြစ်ပါသည်။၂၀၂၅ ခုနှစ် ရွေးချယ်မှုလုပ်ငန်းစဉ်သည် အလွန်ပြင်းထန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သည့် ကိုယ်စားလှယ်များ အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ လအတော်ကြာ (၃ လ) ဆက်တိုက် ပြန်လည်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းများ ပြုလုပ်ပြီးနောက်ကွန်ပျူတာသိပ္ပံနယ်ပယ်အတွင်း Hyper-Intelligence ဆိုင်ရာ အရေးပါသော ပံ့ပိုးမှုများကြောင့် လူငယ်သိပ္ပံပညာရှင် ၅ ဦးကို နောက်ဆုံး ရွေးချယ်ခဲ့ပါသည်။
ချန် မျော်ကျန်းသည် GXUကွန်ပျူတာသိပ္ပံနှင့် နည်းပညာဌာန ဒုတိယဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ သူ၏ သုတေသနအဓိကအာရုံစိုက်ချက်မှာဉာဏ်ရည်မြင့် Edge ကွန်ယက်များဖြစ်ပြီး၊မော်ဒယ်အရွယ်အစားကြီး AI နည်းပညာများနှင့် အလိုအလျောက် Agent များကိုအရင်းအမြစ်ကန့်သတ်ထားပြီး အပြောင်းအလဲများများ ဖြစ်ပေါ်နေသည့် Edge ပတ်ဝန်းကျင်များနှင့် ထိရောက်စွာ ချိတ်ဆက်အသုံးချနိုင်ရေးကို အဓိကထား သုတေသနပြုလုပ်လျက်ရှိပါသည်။ ယင်းသုတေသနများတွင် Edge ကွန်ယက်များနှင့် အလိုအလျောက် Agent များ ပေါင်းစည်းခြင်း၊ Edge တွင် မော်ဒယ်အရွယ်အစားကြီးများကို ပေါ့ပါးစွာ တပ်ဆင်အသုံးချခြင်းနှင့် ဉာဏ်ရည်မြင့် Edge စနစ်များအတွင်းကိုယ်ရေးအချက်အလက် လုံခြုံရေး ကာကွယ်မှုတို့ ပါဝင်ပါသည်။
ပြီးခဲ့သည့်၅ နှစ်အတွင်းချန် မျော်ကျန်းသည်နိုင်ငံတော်နှင့် ပြည်နယ်အဆင့် သုတေသနစီမံကိန်း ၆ ခုကို ဦးဆောင်ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခဲ့ပြီး၊IEEE Journal on Selected Areas in Communications,IEEE Transactions on Mobile Computing,AAAI,IEEE Transactions on Intelligent Transportation Systems,IEEE Transactions on Network Science and Engineeringစသည့် ထိပ်တန်း ဂျာနယ်များနှင့် ညီလာခံများတွင်စာတမ်း ၃၀ ကျော်ထုတ်ဝေခဲ့ပါသည်။ ၎င်းအနက်ESI Highly Cited Papers ၇ စောင်ပါဝင်ပါသည်။ ထို့အပြင် နိုင်ငံတကာညီလာခံတစ်ရပ်တွင်Best Paper Awardကို ရရှိခဲ့ပြီးတီထွင်မှု မူပိုင်ခွင့် ၅ ခုကိုလည်း ပိုင်ဆိုင်ထားပါသည်။
ထို့အပြင် ချန် မျော်ကျန်းသည်SCI ဂျာနယ် ၄ စောင်၏ Guest Editorအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ICML, AAAI, ACM MM, ACM WWW, IEEE Transactions on Computers, IEEE Transactions on Parallel and Distributed Systemsအပါအဝင်နိုင်ငံတကာ ဂျာနယ်နှင့် ညီလာခံ ၃၀ ကျော်တွင် စာတမ်း သုံးသပ်ရေး (Reviewer) အဖြစ် ပုံမှန် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကျောင်းသားများကို တက်ကြွစွာ လမ်းညွှန်ပေးလျက်ရှိပြီး၊ ဘွဲ့ကြိုကျောင်းသားများအားSCI စာတမ်းများကို ပထမစာရေးသူအဖြစ် ထုတ်ဝေစေရန်လမ်းညွှန်နိုင်ခဲ့သကဲ့သို့နိုင်ငံတော်နှင့် ပြည်နယ်အဆင့် ပညာရေးပြိုင်ပွဲများတွင် ဆုရရှိစေရန်အောင်မြင်စွာ ဦးဆောင်ပံ့ပိုးခဲ့ပါသည်။