မကြာသေးမီက၉ ကြိမ်မြောက် အမျိုးသားတက္ကသိုလ်ကျောင်းသားများ Embedded Chip နှင့် System Design ပြိုင်ပွဲ၏ အမျိုးသားအဆင့် နောက်ဆုံးဗိုလ်လုပွဲကိုNanjing Integrated Circuit Training Baseတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်ကွမ်ရှီးတက္ကသိုလ် (GXU)ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များကအမျိုးသားအဆင့် ပထမဆု ၁ ဆု၊ ဒုတိယဆု ၁ ဆုနှင့် တတိယဆု ၂ ဆုစုစုပေါင်း ၄ ဆု ရရှိခဲ့ကြသည်။
ယင်းတို့အနက်ပထမဆုရ စီမံကိန်းသည်“HiSpark Best Application Award”ဆုကိုလည်း ထပ်မံရရှိခဲ့သည်။ ထို့အပြင် GXU သည် ပြိုင်ပွဲတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်“Outstanding Organization Award”ဆုကိုလည်း ရရှိခဲ့သည်။

