GXU သည် အီတလီနိုင်ငံ University of Padua နှင့် အွန်လိုင်း စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကြာသေးမီကကွမ်ရှီးတက္ကသိုလ် (GXU)သည် အီတလီနိုင်ငံရှိUniversity of Paduaနှင့် အွန်လိုင်း စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့University of Padua ၏ ဒုတိယပါမောက္ခချုပ် Massimiliano Zatinတက်ရောက်ခဲ့ပြီးGXU ဒုတိယပါမောက္ခချုပ် Yu Wenjinက ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်GXU ဒုတိယပါမောက္ခချုပ် Yu Wenjinက ဦးစွာ ကွမ်ရှီးတက္ကသိုလ်၏ အခြေခံအချက်အလက်များကို အကျဉ်းချုံး မိတ်ဆက်ခဲ့သည်။ ၎င်းကUniversity of Paduaသည် ရှည်လျားသော ပညာသင်ကြားရေးသမိုင်းကြောင်းရှိပြီး ဘာသာရပ်နယ်ပယ်များလည်း ပြည့်စုံကျယ်ပြန့်သည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။စိုက်ပျိုးရေးနှင့် သစ်တောပညာ၊ တိရစ္ဆာန်ဆေးပညာ၊ ကွန်ပျူတာသိပ္ပံနှင့် ဉာဏ်ရည်တု (AI)၊ ဇီဝနည်းပညာစသည့် အဓိကဘာသာရပ်နယ်ပယ်များတွင် GXU နှင့် University of Padua တို့အကြား ဘာသာရပ်ဆိုင်ရာ ကိုက်ညီမှုမြင့်မားပြီး အပြန်အလှန်အားဖြည့်နိုင်သည့် အားသာချက်များရှိသဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာ ရှိကြောင်း ၎င်းက ဆိုသည်။

GXU အနေဖြင့်တရုတ်နိုင်ငံ၏ နိုင်ငံခြားတက္ကသိုလ်များနှင့် ပူးပေါင်းပညာသင်ကြားရေးဆိုင်ရာ မူဝါဒများနှင့်အညီ ဘာသာရပ်နှင့် သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမည်ဖြစ်ပြီး၊ နိုင်ငံခြားဆရာ၊ ဆရာမများ၏မျက်နှာချင်းဆိုင် သင်ကြားပို့ချမှုများအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း Yu Wenjin က ပြောကြားခဲ့သည်။ ဘာသာရပ်တစ်ခုချင်းစီ၏ ထူးခြားသော အားသာချက်များကို အသုံးချကာပြောင်းလွယ်ပြင်လွယ်ရှိပြီး မျိုးစုံကွဲပြားသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံများကို ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ထို့အပြင် ပူးပေါင်းစီမံကိန်းများကို အခြေခံ၍ တက္ကသိုလ်အတွင်း နိုင်ငံခြားဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုနှင့် ပူးတွဲသုတေသနလုပ်ငန်းများကို ဆောင်ရွက်ကာရေရှည်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်သည်။

University of Padua ဒုတိယပါမောက္ခချုပ် Massimiliano Zatinက တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် University of Padua ၏ အလေးထားမှုနှင့် ယခင်က စုဆောင်းရရှိထားသည့် ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများကို မိတ်ဆက်ပြောကြားခဲ့သည်။ University of Padua အနေဖြင့် မိမိတို့၏ ဘာသာရပ်ဆိုင်ရာ အားသာချက်များကို အပြည့်အဝအသုံးချပြီး GXU နှင့်ရေရှည်တည်ငြိမ်သော ပညာရေးနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများကို တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

နှစ်ဖက်အနေဖြင့် တရုတ်နှင့် အီတလီနိုင်ငံတို့၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အခြေခံ၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို ပိုမိုတိကျစွာ ရေးဆွဲသွားမည်ဖြစ်သည်။ Massimiliano Zatin က တရုတ်နိုင်ငံတွင် အတွေ့အကြုံရင့်ကျက်ပြီး အောင်မြင်စွာ ဆောင်ရွက်နေသည့် ပူးပေါင်းပညာသင်ကြားရေးပုံစံ၃ မျိုးဖြစ်သည့်2+2၊ 3+1 ဘွဲ့နှစ်ဖက်ပူးတွဲဘွဲ့အစီအစဉ် (Double Degree)နှင့်3+1+1 ဘွဲ့ကြို–မဟာဘွဲ့ ပေါင်းစပ်အစီအစဉ်တို့ကို မိတ်ဆက်ခဲ့သည်။ ထို့အပြင် University of Padua အနေဖြင့် တရားဝင်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အမြန်ဆုံး ရေးဆွဲညှိနှိုင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီးလက်တွေ့ကျသော ပူးပေါင်းစီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အွန်လိုင်း စားပွဲဝိုင်းဆွေးနွေးပွဲအတွင်း နှစ်ဖက်သည်ပူးတွဲလူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေး၊ ကျောင်းသားဖလှယ်ရေးနှင့် သိပ္ပံသုတေသနနှင့် ပညာရေး ပေါင်းစပ်ဖွံ့ဖြိုးရေးစသည့် ကဏ္ဍများအပေါ် အမြင်များ ဖလှယ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုအတွက်ကနဦးသဘောတူညီချက်များရရှိခဲ့ကြသည်။China-Italy Exchange Association ဥက္ကဋ္ဌ Zhu Yu-huaလည်း အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့သည်။


Baidu
map